Virtuals LAN (VLANs)
Vlans ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် Physical LAN ထဲမှာ နောက်ထပ် Virtual LAN တွေထပ်ခွဲတာပဲဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Switch တခုထဲမှာ နောက်ထပ် Virtual Switch လေးတွေထပ်ခွဲလိုက်တာပဲဖြစ်ပါတယ်။ Theory အရပြောရင်တော့ Router (Layer 3) ကသာ ပြုလုပ်နိုင်တဲ့ Broadcast Domain ပိုင်းခြားခြင်းကို Switch (Layer2) မှာ VLANs ကိုအသုံးပြုပြီး Broadcast Domain ခွဲပေးတာဖြစ်ပါတယ်။ VLANs ကိုအသုံးပြုသောကြောင့် ရနိုင်တဲ့ ကောင်းကျိုး တွေအများကြီးရှိပါတယ်။ စီမံခန့်ခွဲရတာလွယ်ကူခြင်း၊ Broadcast Domain ကိုပိုင်းခြားနိုင်ခြင်း၊ Broadcast traffic တွေကိုလျော့ချနိုင်ခြင်း၊ VLAN တစ်ခုဟာ Broadcast Domain တစ်ခုဖြစ်သည့်အတွက် VLAN တူသည့် အသုံးပြုသူအချင်းချင်းပဲ Send and receive ပြုလုပ်နိုင်မှာဖြစ်သည့်အတွက် Security အတွက်လည်း ကောင်းမွန်စေပါသည်။ VLANs မတူတဲ့ အသုံးပြုသူအချင်းချင်းပို့ချင်တယ်ဆိုရင်တော့ Router (Layer3) လိုမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ VLAN မတူရင် Subnet လည်းတူတော့မှာမဟုတ်တော့ပါဘူး။ Subnet မတူရင် Packet forwarding ကို Router ကသာပြုလုပ်ပေးနိုင်မှာဖြစ်ပါသည်။
