Virtuals LAN (VLANs)
Vlans ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် Physical LAN ထဲမှာ နောက်ထပ် Virtual LAN တွေထပ်ခွဲတာပဲဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Switch တခုထဲမှာ နောက်ထပ် Virtual Switch လေးတွေထပ်ခွဲလိုက်တာပဲဖြစ်ပါတယ်။ Theory အရပြောရင်တော့ Router (Layer 3) ကသာ ပြုလုပ်နိုင်တဲ့ Broadcast Domain ပိုင်းခြားခြင်းကို Switch (Layer2) မှာ VLANs ကိုအသုံးပြုပြီး Broadcast Domain ခွဲပေးတာဖြစ်ပါတယ်။ VLANs ကိုအသုံးပြုသောကြောင့် ရနိုင်တဲ့ ကောင်းကျိုး တွေအများကြီးရှိပါတယ်။ စီမံခန့်ခွဲရတာလွယ်ကူခြင်း၊ Broadcast Domain ကိုပိုင်းခြားနိုင်ခြင်း၊ Broadcast traffic တွေကိုလျော့ချနိုင်ခြင်း၊ VLAN တစ်ခုဟာ Broadcast Domain တစ်ခုဖြစ်သည့်အတွက် VLAN တူသည့် အသုံးပြုသူအချင်းချင်းပဲ Send and receive ပြုလုပ်နိုင်မှာဖြစ်သည့်အတွက် Security အတွက်လည်း ကောင်းမွန်စေပါသည်။ VLANs မတူတဲ့ အသုံးပြုသူအချင်းချင်းပို့ချင်တယ်ဆိုရင်တော့ Router (Layer3) လိုမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ VLAN မတူရင် Subnet လည်းတူတော့မှာမဟုတ်တော့ပါဘူး။ Subnet မတူရင် Packet forwarding ကို Router ကသာပြုလုပ်ပေးနိုင်မှာဖြစ်ပါသည်။
အောက်ကပုံကိုကြည့်မယ်ဆိုရင် Switch တစ်ခုကို Computer ၄ လုံးလာရောက်ချိန်ဆက်ထားတာကိုတွေ့ရပါမယ်။ Switch ဟာ Layer 2 level ဖြစ်သည့်အတွက် Broadcast Domain ကိုမခွဲခြားနိုင်ပါဘူး၊ ဒါကြောင့် ပုံထဲက Network တခုလုံးဟာ Broadcast Domain တစ်ခုထဲဖြစ်ပါတယ်။ တကယ်လို့ PC-A ဆိုသည့် Computer က Broadcast Frame (FF:FF:FF:FF:FF:FF) တစ်ခုပို့လိုက်ရင် Switch က Network ထဲမှာရှိသည့် Device တိုင်းကို frame forward ပြုလုပ်လိုက်မှာ ဖြစ်ပါတယ်။
VLANs ကိုသာအသုံးပြုထားမယ်ဆိုရင်တော့ သက်ဆိုင်ရာ VLAN Group အောက်မှာရှိသည့် အသုံးပြုသူအချင်းချင်းပဲ ပို့တော့မှာဖြစ်သည့်အတွက် မလိုအပ်သည့် network traffic တွေကိုလျော့ချပေးနိုင်သွားမှာဖြစ်ပါတယ်။ အောက်ကပုံကို ကြည့်ရင် PC-A နှင့် PC-D ကို VLAN 10 group ထဲကိုထည့်လိုက်သည့်အတွက် PC-A က ပို့လိုက်သည့် Traffic သည် သူနဲ့ VLAN Group တူသည့် PC-D တစ်ခုထဲကိုပဲရောက်သွားမှာဖြစ်ပါသည်။ မတူညီသည့် VLAN Group တွေကို ဆက်သွယ်လိုရင်တော့ Router ကိုအသုံးပြုပေးရမှာဖြစ်သည့်
VLAN ID တွေနဲ့ပတ်သတ်ပြီး မှတ်ထားရမဲ့ အချက်အလက်တွေကိုအောက်မှာကြည့်ပါ။
- VLAN 0 is reserved for 802.1P traffic and cannot be modified or delete
- VLAN 1 is the default VLAN and cannot be modified or deleted (can use)
- VLANs 2 to 1001 are in the normal VLAN range and can be added, deleted, or modified ad necessary
- VLANs 1002 to 1005 are reserved and cannot be deleted
-
- VLANs 1006 to 3967 and 4048 to 4093 are in the extended VLAN range and can be added, deleted or modified as necessary. You cannot change the following parameters:
o The state is always active
o The VLAN is always enable. You cannot shut down these VLANs
- 3968 – 4047 and 4094 are allocated for internal device use. You cannot create, Delete or modify any VLANs within the block reserved for internal use.
ဒါဆိုနောက်တစ်မျိုးအနေနှင့် အပေါ်က Network Topology မှာ နောက်ထပ် Switch တစ်လုံးထပ်ထည့်မယ်ဆိုဘယ်လို ဖြစ်သွားမလဲ အောက်ကပုံကိုကြည့်ပါ။
Switch တစ်လုံးထဲမှာ VLAN မတူသည့် Traffic တွေကို သယ်ဆောင်ပေးနိုင်ပေမဲ့၊ Switch တွေအချင်းချင်းကြားမှာဆိုရင်တော့ Multiple VLANs ID တွေကို သယ်ဆောင်မပေးနိုင်ပါဘူး။ Multiple Vlan တွေကို Switch တွေအချင်းချင်းကြားမှာ သယ်ဆောင်ချင်သည်ဆိုရင်တော့ Trunking Protolcol ကိုအသုံးပြုပေးရမှာဖြစ်ပါသည်။ အပေါ်ကပုံကိုကြည့်ရင် VLAN 10 Member တွေဖြစ်သည့် PC-A နှင့် PC-D ဟာ switch တစ်လုံးထဲမှာချိတ်ဆက်ထားတာမဟုတ်ပဲ မတူညီသည့် Switch နှစ်လုံးမှ တစ်ဆင့်ချိတ်ဆက်ထားတာဖြစ်သည့်အတွက် Trunk ကိုသုံးရပါမယ်။ Cisco မှာ Trunking Protocol ၂ မျိုးရှိပါသည်။
· IEEE 802.1Q : ကတော့ Open standard ဖြစ်ပြီးတော့ Vendor တော်တော်များများမှာ အသုံးပြုနိုင်ပါသည်။
· Cisco ISL ( Inter-Switch Link) : ကတော့ cisco ရဲ့ မူပိုင် trunk protocol ဖြစ်ပြီးပါတယ်
ဒါကတော့ Switch တွေအချင်းချင်းကြားမှာအသုံးပြုသည့် ပုံမှန် Ethernet Frame ဖြစ်ပါသည်။
Ethernet Frame ကိုကြည့်ရင် VLAN နှင့်ပတ်သတ်သည့်အပိုင်းလုံး၀မပါသည့်အတွက် Switch က ဘယ် VLAN ကလာရင် ဘယ် VLAN ကို Forward ပြုလုပ်ပေးရမှန်းမသိပါဘူး။ ဒါကြောင့် Multiple VLAN တွေကိုသယ်ဆောင်ပေးနိုင်ဖို့အတွက် Trunking Protolcol ကိုလိုအပ်တာဖြစ်ပါသည်။





No comments:
Post a Comment