EIGRP Metric Calculations
Metric
A routing
protocol-specific measurement of how far a remote
network is form a router.
Metric ဆိုတာကတော့
Router တခုရဲ့ source interface ကနေ destination (remote network) ရဲ့ ကြားကအကွာအဝေးရဲ့တန်ဖိုးကို တိုင်းတာ
တာဖြစ်ပါတယ်။ OSPF မှာဆိုရင်တော့ သူတို့ကြားက အကွာအဝေးကို Bandwidth တန်ဖိုးပေါ်ကိုမူတည်ပြီးတော့
Cost နဲ့တွက်တာပါ၊ EIGRP ကတော့ Lowest Metric နဲ့တွက်တာပါ။ Lowest metric ရဖို့အတွက် component ၅ခုကို မူတည်ပြီးတော့ တွက်ပါတယ် (Bandwidth,
Load, Delay, Reliability, MTU)။ ဒီတန်ဖိုးတွေကို တွက်ပြီးတော့မှ Lowest metric ရှိတဲ့လမ်းကြောင်း ကို destination စီရောက်ဖို့ အတွက် ဘယ်ဟာကတော့ primary route ဘယ်ဟာက backup route ဆိုတာ ရွေးမှာပါ။ တနည်းအားဖြင့် ဒီ component ၅ခုကို K value ၅ခုလို့လဲခေါ်ပါတယ်။ EIGRP မှာ K value တွက်တဲ့အခါ
နားလည်လွယ်အောင် နဲ့ ရှင်းသွားအောင်တော့ အောက်က Table လေးကိုကြည့် ပြီးမှတ်ထားရပါမယ်။
K
Value
|
Component
|
Description
|
Default
Cisco device Values
|
K1
|
Bandwidth
|
Lowest bandwidth of
route
|
1
|
K2
|
Load
|
Worst load on route
based on packet rate
|
0
|
K3
|
Delay
|
Cumulative Inter
delay of Route
|
1
|
K4
|
Reliability
|
Worst reliability
of route based on keep alive
|
0
|
K5
|
MTU
|
Smallest MTU in
path (Not used in route calculation)
|
0
|
ကျွန်တော်တို့ အပေါ်က Table ကိုကြည်ပြီးရင် နောက်ထပ် မှတ်ထားရမှာက Default cisco device values မှာ 1 ဆိုတာက Enable ကိုဆိုလိုခြင်းဖြစ်ပြီး၊ 0 ဆိုတာကတော့ disable ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုဆိုရင် eigrp ရဲ့ K value မှာ default အနေနဲ့ enable လုပ်ထားတာက K1 နဲ့ K3 ပဲဖြစ်ပါတယ်။ K2 နဲ့ k4 က disable ပါ၊ K5 ကတော့ Metric calculation မှာထည့်မတွက်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ K value တွက်တဲ့အခါ K1(bandwidth) နဲ့ K3(Delay) ကို အဓိက အသုံးပြုပြီးတွက်ရမှာဖြစ်ပါတယ်။
ဒီ
Command ၂ခုကိုသုံးပြီး interface ရဲ့ K values တန်ဖိုးတွေ နဲ့ K value တွေ enable လုပ်ထားတာလား disable လုပ်ထားတာလား ဆိုတာကို စစ်ဆေးနိုင်ပါတယ်။
#Show interface (interface name) (ဒါက တန်ဖိုးကို စစ်တာပါ)
R4#show
interfaces fa0/0
FastEthernet0/0
is administratively down, line protocol is down
Hardware
is AmdFE, address is cc04.2b68.0000 (bia cc04.2b68.0000)
MTU 1500 bytes, BW 100000 Kbit/sec, DLY
100 usec,
reliability 255/255, txload 1/255,
rxload 1/255
Encapsulation
ARPA, loopback not set
Keepalive
set (10 sec)
Full-duplex,
100Mb/s, 100BaseTX/FX
#Show ip protocols (ဒါက enable လုပ်ထားလား disable လားဆိုတာစစ်တာပါ)
R4#show ip protocols
Routing Protocol is "eigrp 100"
Outgoing update filter
list for all interfaces is not set
Incoming update filter
list for all interfaces is not set
Default networks flagged
in outgoing updates
Default networks
accepted from incoming updates
EIGRP metric weight K1=1, K2=0, K3=1, K4=0, K5=0
EIGRP maximum hopcount
100
K
value ကို enable/disable ပြောင်းချင်ရင် ဒီ command ကိုသုံးလို့ရပါတယ်…
R4(config)#router
eigrp 100
R4(config-router)#metric
weights 0 1 1 1 0
(example လုပ်ပြတာပါ enable လုပ်ချင်ရင် 1 လို့ပြောင်း disable လုပ်ချင်ရင် 0 လို့ပြောင်းရမှာပါ)
EIGRP အသုံးပြုထားတဲ့ router တွေအကုန်လုံးမှာ K value မတူလို့မရပါဘူး မတူရင်
Neighbor တွေ adjacency up မ ဖြစ်ပါဘူး။ K value မတူတာကို Redistribution လုပ်လို့လဲမရပါဘူး၊ K value မတူရင် တူအောင် အကုန်လိုက်ပြောင်းရမှာဖြစ်ပါတယ်။ပြောင်းလို့
ရတယ်ဆိုတာကို သိထားရင် ရပါပြီ အဓိက က troubleshoot လုပ်တဲ့အခါသိနေဖို့ပါ။
ကဲအပေါ်က
Command ၂ ကြောင်းနဲ့ K
value စစ်ကြည့်တတ်သွားပြီဆိုရင်တော့ ဒီအောက်က Formula လေးကိုပြောပြပါမယ်။ EIGRP Metric တွက်တဲ့ formula ပါ၊ ဒီ formula မှာ K
value တွေထည့်တွက်မှာဖြစ်ပါတယ်။(mobile view နဲ့ကြည့်တဲ့ သူများ ပုံတွေမမြင်ရရင် ပုံကိုထောက်ပြီးကြည့်ပေးပါ)
Default
K value တွေမှာ K1 နဲ့
K3 က 1 ၊ K2, K4 နဲ့ K5
က 0 နော် (မရှင်းရင်တော့ အပေါ်က table ကို ပြန်ကြည့်ပေးပါ)။
နောက်တစ်ချက်
အနေနဲ့က 0 ဆိုတာက disable ဖြစ်တဲ့ အတွက် disable ဖြစ်နေတဲ့ တန်ဖိုးတွေကို ထည့်မတွက်ပါဘူး
အဲ့တော့ အပေါ်က formula မှာ ကျွန်တော် disable ဖြစ်နေတဲ့ အနီရောင်နဲ့ ရေးထားတဲ့ဟာတွေကိုဖြုတ်ပြီးအောက်က အတိုင်း ရှင်းလိုက်ပါမယ်၊
အဲ့လိုဆို ကျွန်တော်တို့ formula နောက်တစ်ကြောင်းထွက်လာပါမယ်။ ကျွန်တော်တို အဓိက အသုံးပြုရမှာက
ဒီအောက်ဆုံးက K1 နဲ့ K3 ပဲပါတဲ့ အစိမ်းရာင်နဲ့ formula ပါနော် အပေါ်က formula ကသိအောင်ပြောပြပေးတာပါ။
အဆင့်
၁ - အပေါ်ကအနီရောင်တွေဖြုတ်လိုက်ပါ
အဆင့်
၂ - K1 နဲ့ K3 နေရာမှာ ၁ တွေအစားထိုးလိုက်ပါ။
အဆင့်
၃ - ဒီအဆင့်မှာတော့ Bandwidth နဲ့ Delay နေရာမှာ အောက်ကအတိုင်း အစားထိုးလိုက်ပါ အာ့ဆို
ကျွန်တော့တိုလိုချင်တဲ့ formula ရပါပြီ။
အပေါ်ကအဆင့်တွေက formula ကို နားလည်အောင်ရှင်းပြပေးတာပါ တန်ဖိုးကိုထည့်မတွက်ရသေးပါဘူး ရူပ်တယ်ထင်ရင်
ဒီနောက်ဆုံး အစိမ်းရောင် Formula ကိုပဲမှတ်ထားလိုက်ပါ။ သဘောတရားကို နားလည်ရင်ရပါပြီ အပေါ်ကဟာတွေလိုက်တွက်စရာမလိုပါဘူး။ ကျွန်တော်ဒီအောက်မှာ K1(Bandwidth) K3 (delay) ကိုအသုံးပြုပြီး Lab တစ်ခုလုပ်ပြပါမယ်။နောက်ပြီးတော့ K value အကြောင်းမှာလဲ K1 (Bandwidth) နဲ့ K3 (Delay) ကို သဘောတရားနားလည်ပြီး ဒီနှစ်ခုကို အကြမ်းဖျင်းတွက်တတ်ရင် အဆင်ပြေပါပြီ။ ဒါမှမဟုတ် မကျေနပ်ဘူး စမ်းချင်တယ်ဗျာဆိုရင်လဲ အပေါ်ဆုံးက ကျွန်တော်ပြထားတဲ့ formula အကြီးကို အသုံးပြုပြီး k2 (Load) နဲ့ k4(Reliability) တွေကို 1 သွားပြောင်းပြီး enable လုပ်၊ တန်ဖိုးတွေပြောင်းပြီးစမ်းနိုင်ပါတယ်။ စာမေးပွဲမှာတော့ ဒါတွေ မတွက်ခိုင်းပါဘူး Troubleshoot လုပ်ဖို့ရာ နားလည်နေရင်
ရပါပြီ။
Lab Coming soon...
PDF File ကတော့ Lab ပါပြီးမှ ကျွန်တော်ထုတ်ပေးပါ့မယ်။ လိုချင်ရင်တော့ contact form for Alvin သို့မဟုတ် Comment box မှာ email address ထားခဲ့ပါ Lab ပြီးတဲ့အခါပို့ပေးပါမယ်။ Comment box မှာလည်းဆွေးနွေးပေးနိုင်ပါတယ်။
Sharing is caring
Alvin
No comments:
Post a Comment